Covid – 19 Donation

အောက်တိုဘာ ၅ ရက်နေ့တွင် ကပ်ရောဂါတိုက်ဖျက်ရေးအတွက်လိုအပ်သည့်နေရာအသီးသီးတွင် အသုံးပြုနိုင်ရန်အတွက် သိန်း တစ်ထောင့် သုံးရာ နှစ်ဆယ် (အမေရိကန်ဒေါ်လာ တစ်သိန်း) ကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ထံ သွားရောက် လှူဒါန်းခဲ့ပါသည်။
CARABAO ENERGY DRINK အချိုရည်မိသားစုသည် ရန်ကုန်တိုင်းအတွင်းရှိ Fever Clinic များ၊ Quarantine Center များအတွက် ကပ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးတွင် ရှေ့တန်းမှ နေ့မအား ညမနား ဦးဆောင်ပါဝင် ဆောင်ရွက်လျက်ရှိကြသော ဆရာဝန်/ ဆရာမ၊ သူနာပြုများ၊ အဖွဲ့အစည်းများအတွက် ကပ်ရောဂါကာကွယ်ရေးတွင် လိုအပ်သော အထောက်ကူပြုပစ္စည်းများ၊ PPE ဝတ်စုံများ၊ ပိုးသန့်စင်ဆေးရည်များ၊ လက်သန့်ဆေးရည်များ၊ KN-95 Mask များနှင့် CARABAO Energy Drink အချိုရည်များကိုလည်း လှူဒါန်းခဲ့ပါသည်။ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ပြီး အကောင်းဆုံး နေ့သစ်တွေဆီကို သွားနိုင်ဖို့ ဝိုင်းဝန်းကြိုးပမ်းတဲ့ အထဲမှာ CARABAO ENERGY DRINK အချိုရည်ကလည်း အတူလက်တွဲပြီး တစ်ထောင့်တစ်နေရာက ပါဝင်ခွန်အားဖြည့်ပေးခွင့်ရတဲ့အတွက် ဝမ်းမြောက်ပီတိ ဖြစ်ခဲ့ရပါတယ်. ..