လိုတရ မဟာသိမ်တော်ကြီး နှင့် ဘုရားဆင်းတုတော်များ လှူဒါန်းခြင်း

ငွေကျပ် ၂၄၉၅သိန်းကျော်တန်ဖိုးရှိ လိုတရမဟာသိမ်တော်ကြီးနှင့် သစ္စာတိုင်တည် မြတ်စေတီ၊ ဘုရားဆင်းတုတော်များ လှူဒါန်းရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် လိုတရဟင်္သသာတ ကျောင်းတိုက် ပရဟိတ ဓမ္မရိပ်သာအတွင်း၌ စုစုပေါင်း ငွေကျပ် ၂၄၉၅သိန်းကျော်တန်ဖိုးရှိ သာသနာညွှန့်လှိုင်လှိုင် လိုတရမဟာသိမ်တော် ကြီးနှင့် သစ္စာတိုင်တည် မြတ်စေတီ၊ဘုရားဆင်းတုတော်များအတွက်ရေစက်ချအလှူတော်မင်္ဂလာကိုဒီဇင်ဘာလ ၂၆ရက်ကကျင်းပခဲ့ပါသည်။အဆိုပါ အလှူကို မိခင်ကြီး (ဒေါ်အဲစန်း)နှင့်ခင်ပွန်း (ဦးအိုက်ထို(ခ) ဦးတင်ညွန့်)အား ရည်စူး၍ ဖခင်ဦးစောကြာဖူးနှင့်နှစ်ဖက်သောမိဘများအား အမှူးထားပြီး ဒေါ်နန်းတင်တင်လှိုင်နှင့်မိသားစုမှ ငွေကျပ် ၂၂၉၅သိန်းကျော် ၊ Central Manufacturing Co.,Ltd နှင့် Century Beverage Co.,Ltdတို့ စုပေါင်းတည်ထောင်ထားသော Ture Friendship Foundationမှ သိန်း၂၀၀ ပါဝင်လှူဒါန်းခြင်းဖြစ်ကြောင်းသိရသည်။